မန့်ဟီးရိုး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာရေးဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ)၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ ရင်ဆိုင် ပါ” စာအုပ်ဖြင့် Woman Clubအသင်းဝင်းများက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်စန္ဒာဝင်းက အမျိုးသမီးများရဲ့ ဘဝမှကြုံတွေ့ကြရသောအခက်အခဲများကို စာဖတ်ခြင်းများဖြင့် အင်အားများ ရရှိလာပြီး ရင့်ကျက်သော စိတ်ဓာတ်များရရှိလာအောင်ရည်ရွယ်ပြီး ယခုလို စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ)၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ Woman Club အသင်း ဉက္ကဋ္ဌ ဒေါ်သီတာလွင်က လောကဓံ နှင့် တွေ့ကြုံနေရချိန်မှာ အပျက်သဘောနှင့် သံသယစိတ်က ကိုယ့်ကို ဖိစီး စေသလို ခြေကုန် လက်ပန်းကျစေပါတယ်၊ ဒါ့ကြောင့် အမြဲတန်း အပြုသဘော ဆန်တဲ့အတွေးတွေကို အမြဲတွေးစေလိုပါတယ်ဟု ဆွေးနွေးခဲ့သလို စာကြည့်တိုက်မှူးဒေါ်ဖြူမာထွန်းက ပြုံးလိုက်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ ကိုလည်း လျှော့ချပြီးသားဖြစ်စေတယ်၊ ပြုံးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးလာစေတယ်ဟု ဆွေးနွေးခဲ့သလို ကျန်အသင်းဝင် များမှလည်း ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ Woman Club အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)