ကန်ကြီးထောင့် စက်တင်ဘာ ၈
ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ဒေသအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေးများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဒါးကနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီများ သိုလှောင် ရောင်းချရာတွင် သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုပုံများနှင့် မီးဘေးလုံခြုံရေးအတွက် သတိပြုလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူများ မီးကိုပေါ့ဆစွာ အသုံးမပြုမိစေရေးနှင့် မီးဘေးအသိ၊ သတိ အမြဲရှိနေစေရေးတို့အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များအား မြို့နယ်အတွင်း လှည့်လည်အသိပေး ကြေညာခြင်းများနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)