ပင်လည်ဘူး စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်စည်ပင်သာယာဈေးကော်မတီအဖွဲ့မှ စည်ပင်သာယာဈေးအတွင်း ဈေးရောင်း ဈေးဝယ်များအားနှာခေါင်းစည်း(mask)များ တပ်ဆင် ရောင်းချခြင်း၊ ဝယ်ယူခြင်း မရှိသူများအား ဒဏ်ရိုက် အရေးယူ စစ်ဆေးမှုများကို နေ့စဉ်ကြပ်မတ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒဏ်ရိုက်ဆောင်ရွက်မှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ ပူးပေါင်း ၍ စည်ပင် သာယာဈေးအတွင်း ဈေးရောင်ရောင်းချနေသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း (mask)တပ်ဆင်ပြီး ရောင်းချ ဝယ်ယူခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း (mask) တပ်ဆင်းမရှိသူများကို ငွေ ၁၀၀၀ ကျပ် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး နှာခေါင်းစည်း (mask)တပ်ဆင်ရေး ပညာပေး ဆောင်ရွက်မှုများကို နေ့စဉ် နံနက်ဈေးဖွင့်ချိန်မှ ဈေးသိမ်းချိန်အထိ ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)