ဝက်လက်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၅၀၀) ဧက ကို (CERP) အစီစဉ်ဖြင့် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါး ရာသီတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီစဉ် (CERP) ဖြင့်မျိုး စေ့ထုတ် ဧက (၁၅၀၀) ကို စိုက်ပျိုးပြီးကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ကော့လှကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် လမ်းပခုံး ကွန်ကရစ်အုတ်စီရေမြောင်းပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်း ရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာအုပ်စု ကော့လှ ကျေးရွာ တွင်လမ်းပခုံးကွန်ကရစ်အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

မြစ်သားမြို့ မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ် −၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈:၀၀) နာရီအချိန်မှစတင်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိုမိန်းမြို့မစျေး၌ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုဖြစ်မလာစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က မြို့မစျေးရှေ့နှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမဆောင်တွင် ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းဝေး ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင် က ခန္တီးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဖတ်ကြားခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ဒေသခံပြည်သူများအား အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်

ရှမ့်ပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာ ရေးနှင့် အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ညနေ (၅) နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိ ပညာပေး နှိုးဆော်ခဲ့သည်။

မြဝတီမြို့ ဈေးများ၌ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်

မြဝတီမြို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်စျေးအတွင်းအပြင်တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများကို ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများတပ်ဆင်ခြင်းနှင့် လက်များကိုစနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

မက်မန်းမြို့နယ်အတွင်း Mask အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူ့ လက်ဝယ်အရောက် ကွင်းဆင်းဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် Mask အခမဲ့ ဖြန့်ဝေ ပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူ့ လက်ဝယ်အရောက် ယမန်နေ့က မက်မန်းမြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းနှင့် လမ်းဆုံနေရာများ တွင် ကွင်းဆင်းဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကာလိမြို့ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

အရာတော်မြို့တွင် နှာခေါင်စည်းတပ် ဆင်သွားလာခြင်းမရှိသူ (၂၁) ဦးအား ဖမ်းစီး အရေးယူ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာ ရာတွင် စနစ် တကျ Mask တပ်ဆင် သွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၉) နာရီက ပါးစပ် နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်းမရှိသူ (၂၁) ဦးအား စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to