လှိုင်းဘွဲ၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီ အစဉ် (CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကွီးလေးကျေးရွာနှင့်ထီးကနဲကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကွီးလေးကျေးရွာလမ်းဘေးရေမြောင်းတူးဖော်ခြင်း (၂'×၂၅၀၀'×၂'×၂')၊ ကျောက်ရောမြေခင်းခြင်း (၂၅၀၀'×၁၂'×၉")၊ မဲလရောကျေးရွာအုပ်စု၊ ထီးကနဲကျေးရွာ စိမ့်စမ်းရေးသွယ်တန်းခြင်း (၅၇၀၀') လုပ်ငန်းပြီးစီးမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)