လှိုင်းဘွဲ၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်းဧရိယာများတွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန ပြည်နယ်ညွှန်ကြားရေးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့်တာဝန်ကျဝန်ထမ်းများက လှိုင်းဘွဲမျိုးစေ့ခြံရှိ ဆင်းသုခစပါးပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုကာ ဒေသခံတောင်သူများအတွက် မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးရန်၊ စံပြမျိုးစေ့စိုက်ခင်းအဖြစ်ဆောင်ရွက်ရန်၊ စိုက်ပျိုးနည်းစနစ်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေးအတွက် ရေတိုရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရန်၊ လိုအပ်ချက်များရှိပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)