နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊  စက်တင်ဘာ ၈

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.AFRICAN CARDINAL သင်္ဘောပေါ်မှ သင်္ဘောသား (၁၃) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V MAERSK BINTULU သင်္ဘောပေါ်မှ သင်္ဘောသား (၁၅) ဦး၊ ရုရှားနိုင်ငံမှလာရောက်သည့် MT MARS သင်္ဘောပေါ်မှ သင်္ဘောသား (၈) ဦး၊ ထိုင်းနိုင်ငံမှလာရောက်သည့် M.V OCEAN HERO သင်္ဘောပေါ်မှ သင်္ဘောသား (၁၆) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V CMA CAM CORAL သင်္ဘောပေါ်မှသင်္ဘောသား (၁၁) ဦး၊ ယူအေအီးနိုင်ငံမှလာရောက်သည့် M.T GAO CHANG.2 သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V KOTA AZAM သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး၊ ယူအေအီးနိုင်ငံမှလာရောက်သည့် M.T TAIHAI.1သင်္ဘောပေါ်မှ သင်္ဘောသား (၇) ဦး၊ စုစုပေါင်းသင်္ဘောရှစ်စီးပေါ်မှ သင်္ဘောသား (၈၁) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၈၁) ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.AFRICAN CARDINAL သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစိုင်းရန်အောင်မင်းပါ သင်္ဘောသား (၁၄) ဦး၊ M.V MAERSK BINTULU သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇာနည်ဝဏ္ဏပါ  သင်္ဘောသား (၁၅) ဦး၊ MT MARS သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇော်လတ်ပါ  သင်္ဘောသား (၁၀) ဦး၊  M.V OCEAN HERO သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်ကျော်ခိုင်ပါ  သင်္ဘောသား (၁၆) ဦး၊ M.V CMA CAM CORAL သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးပြည့်ဖြိုးကျော်ပါ  သင်္ဘော (၁၁) ဦး၊ M.T GAO CHANG.2 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသက်နိုင်ထူးပါ  သင်္ဘောသား (၆) ဦး၊ M.V KOTA AZAM သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်နိုင်ပါ  သင်္ဘောသား (၇) ဦး၊ M.T TAIHAI.1 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသူရိန်ထွန်းပါ  သင်္ဘောသား (၇) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၈၁) ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ကျော်စိုး(ကော့သောင်း)