သဲကုန်း စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက "ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပိုးဟာ ကူးစက်မှုမြန်နေ ကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စတင်၍ ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာခဲ့ရာ ရန်ကုန်တိုင်း အတွင်းမှာလဲ မြို့နယ်တော်တော်များများတွင် ဆက်လက်ကူးစက်လျက်ရှိကြောင်း၊ အဆိုပါကိုဗစ်-၁၉ ရောဂါသဲကုန်းမြို့နယ်အတွင်း ကူးစက်မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ရန်အတွက် ယခုလို အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း" စသည်ဖြင့် ဆွေးနွေးသွားပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာခွန်မောင်အိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးနိုင်လင်းနှင့် တိုက်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် အသီးသီးမှ မိမိမြို့နယ်အတွင်း ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)