ဂန့်ဂေါ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်စေရန်နှင့် လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြစ်မကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကွင်းဆင်းထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာကြည်က စီမံကိန်း လုပ်ငန်းများ အကြောင်းများအားရှင်းလင်းခြင်း၊ စီမံကိန်းလုပ်ငန်းများတိုးတက်စေရန် ကြိမ်းပမ်းဆောင်ရွက် ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှူမရှိစေရေး နှာခေါင်းစည်းစနစ်တကျတပ်ဆင်၍ ငွေထုတ်ချေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာကြည်နှင့် ဝန်ထမ်းများက ဂန့်ဂေါမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ပြစ်မကျေရွာရှိ မွေးမြူရေးလုပ်ကိုင်သူ (၁၃၈) ဦးအတွက် ငွေကျပ် (၃၃၆)သိန်း၊ စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၄)ဦး အတွက် ငွေကျပ်(၆၈)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ(၄)ဦးအတွက် ငွေကျပ် (၁၇)သိန်း နှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၇)ဦးအတွက် ငွေကျပ်(၁၉)သိန်း စုစုပေါင်း ငွေကျပ် (၄၄၀) သိန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ အသင်းသားများစီလက်ဝယ်အရောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)