လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ တွေ့ဆုံဆွေးနွေး

လက်ပံတန်း စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေး ကော်မရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး အဖွဲ့ဝင် ဦးစိန်မောင်ဝင်းက စေ့စပ်ညှိနှိုင်းခြင်း၊ စုဝေးဟောပြောခြင်း၊ စောင့်ကြည့်လေ့လာ သူများနှင့် ပတ်သတ်သည့် လုပ်ငန်းများအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန် များနှင့် ပတ်သတ်၍ ဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချယ်ရီက မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာတွင် မူလမဲစာရင်း ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်သည့်အရေအတွက် ကိုက်ညီမှုရှိ/မရှိနှင့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင် စစ်ဆေးပေးကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး