မြန်အောင် စက်တင်ဘာ ၈
မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများတွေ့ဆုံပွဲနှင့် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်း ပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲနှင့်ပါတီများတွေ့ဆုံပွဲနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင် က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၇၃ /၂၀၂၀) ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်နှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများတွေ့ဆုံပွဲနှင့်မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် မြို့နယ်ရွေးကောက် ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)