ပြည် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို စက်တင်ဘာ ၈ ရက် နေ့မှ စတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ပြည်မြို့တွင် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို ယခုလ ၈ ရက်နေ့ မတိုင်မီအထိ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုပေးထား ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာသည့်အတွက် အချိန်မီကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ ပြည်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင်များအား ယနေ့မှစတင်၍ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင် စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မင်းမင်းစိုး(ပြန်/ဆက်)