ဂန့်ဂေါ စက်တင်ဘာ ၈
မိုးရာသီအတွင်းဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါများမဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများကို ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်စိုးမြတ်မွန်ဦးဆောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့များက လာပို့ကျေးရွာအတွင်း မိုးရာသီကာလ တွင်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကျေးရွာနေပြည်သူတို့ ၏နေအိမ်ရှိ ရေအိုး၊ ပန်းအိုး၊ ကားတာယာအဟောင်းများ၊ ရေချိုးကန်များတို့၌ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ COVID-19 ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ထို့ပြင် အဆိုပါကျေးရွာတွင် အိမ်ခြေ(၁၀၀၀)ဝန်းကျင်ခန့်ရှိပြီး နေအိမ်များအားလုံးတွင် အဘိတ်ဆေးခတ်ခြင်း နှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများလည်းဆော်ရွက်ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)