သရက်မြို့၌ လမ်းသွား လမ်းလာပြည်သူများအား Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂)နာရီခန့် က သရက်မြို့လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီမှ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မဖြစ်မနေ အိမ်အပြင်ထွက်ရသူများကို Mask တပ်ဆင်ပြီးမှအပြင်ထွက်ကြရန်နှင့် တတ်နိုင်သရွေ့ အိမ်မှာသာ နေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီနေထိုင်ကြရန်၊ မလိုအပ်လျှင် ခရီးမသွားကြရန် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့နယ်တွင်းရှိ လူစည်ကားရာနေရာများ ပဲ့ထောင်ဆိပ်၊ မြို့အဝင်/ အထွက်ဂိတ်များတွင် နေ့စဉ် စစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(ပြန်/ဆက်)