တောင်သာ၊ စက်တင်ဘာ ၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသောမဲစာရင်းတွင် အမည်ပါဝင်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်သာမြို့နယ် အောင်ဇမ္ဗူကျေးရွာသို့ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ဌေးလွင် ခေါင်းဆောင်သောဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် အောင်ဇမ္ဗူကျေးရွာအုပ်စုအတွင်း၌ မဲစာရင်းတွင်အမည်စာရင်းပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူ (၁၈) ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၁၁) ဦး၊ စုစုပေါင်း (၁၈)ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)