ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစားသောက်ဆိုင်များပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးနှိုးဆော်

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်း အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အတွင်းဆိုင်ထိုင်စနစ်ဖြင့်ရောင်းချလျက်ရှိသောလက်ဖက်ရည်ဆိုင်များ၊

ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲ ၁၆၂ ဦး ခန့်အပ်သွားမည်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၆၂ ဦး ခန့်အပ် တာဝန်ချထား ပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရှမ်းရွာသစ်မြို့၊ ခလော့ဒေးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု၊ ခလော့ဒေးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးမှုရှိသောပြည်သူများ အထောက်အကူဖြစ်စေရန်နှင့် တိရစ္ဆာန်များ ကူးစက်ရောဂါတို့မှကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က နွားနှင့်ဝက်များအား ကာကွယ်ဆေးများအခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက နတ်မောက်မြို့တြိဂံလမ်းဆုံနှင့် မြို့မဈေး လမ်းဆုံများ၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် (Mask)တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ သည်။

မြောင်းမြ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့နယ်တွင် ၂၀၂ဝပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် အထူးရဲ ၂၅၈ ဦးအား ရွေးချယ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင် ရေးအတွက် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ (၂၅၈)ဦးနှင့် အရန် အထူးရဲ (၁၀) ဦးကို ရွေးချယ်ထားရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပေါင်းတည်မြို့တွင် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်း နှင့် အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန

မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် က မြို့ပေါ်(၄)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်ရှိ ကြူဆော့(IDP) စခန်းအဝင်လမ်း အကျယ် (၁၀)ပေ၊ အရှည် (၄၀၀)ပေ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီး

စိမ်းလန်းဘဝလူမှုဖွံ့ဖြို့မှုအဖွဲ့ (GLAD)မှ ဖွံ့ဖြိုးရေးအထောက်အကူပြု ထောက်ပံ့ငွေကျပ် (၁၄)သိန်း ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်းအဝင်လမ်း စက်တင်ဘာလ (၈)ရက်နေ့က ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Subscribe to