ယင်းမာပင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စု ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ယင်းမာပင် စက်တင်ဘာ    ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က မိုးသက် လေပြင်း တိုက်ခတ်ပြီးမိုးကြိုးပစ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ် (၂)လုံး အတွက် အိမ်ထောင်စုဝင်များအား ထောက်ပံ့ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ယင်းမာပင်ခရိုင်ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အိမ်ထောင်စုဝင်များအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ(၄)ဦး ကို ဆန်ရိက္ခာအတွက် ငွေကျပ် (၈၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ် (၁၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စီတို့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စုဝေမှ အိမ်ထောင်စုများကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)