စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) အား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း သင်တန်းဖွင့်လှစ်

ပုလဲ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ စက်တင်ဘာ ၈ရက်၊ နံနက်၁၀နာရီက အသက် (၉) နှစ်မှ (၁၀) နှစ်အထိ အမျိုးသမီး များအား သားအိမ်ခေါင်း ကင်ဆာရောဂါ   ကြိုတင်ကာကွယ်နိုင်ရေးအတွက်   ပုံမှန် ကာကွယ် ဆေး ထိုးနှံခြင်း   အစီအစဉ်အရ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (Human  Papillioma  Virus - HPV ) စတင် ထည့်သွင်းထိုးနှံခြင်းသင်တန်းကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၁) ဦးနွယ်မင်းက “  သားအိမ်ခေါင်း ကင်ဆာက ကမာ္ဘတစ်ဝှမ်းရှိ အမျိုးသမီးများရဲ့ စတုတ္ထမြောက် အဖြစ်အများဆုံး ရောဂါ  ဖြစ်ပါ တယ်။ ကျွန်တော် မြို့နယ်အတွင်းရှိ  အသက် (၉) နှစ်မှ (၁၀) နှစ်အထိ   အမျိုးသမီးများအား   သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အရ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Human Papillioma Virus- HPV) စတင် ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းကို   စက်တင်ဘာ ၂၀ရက်မှ စတင်၍ ထိုးနှံပေးမှာ ဖြစ်တဲ့ အတွက် ကြောင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)စတင်ထည့်သွင်းထိုးနှံခြင်း သင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ” ဟုပြောပြခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papillioma  Virus (HPV) စတင်ထည့်သွင်း ထိုးနှံခြင်း သင်တန်းတွင် ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း၁၀၀ဦးကို ၅၀ဦးနှုန်းဖြင့် နှစ်သုတ်ခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ  ဖွင့်လှစ်ခဲ့ပြီး  သင်တန်းကာလ (၄) ရက်ကြာမြင့် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 မြင့်သိန်းစိုး(ပြန်/ဆက်)