မိုင်းယောင်းမြို့နယ် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်

မိုင်းယောင်း  စက်တင်ဘာ  ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မုန်းလိုက်တံတား ကျန်းမာ ရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း ထိရောက်စွာ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူ များက ယနေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများအနေနှင့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ မေးမြန်းခြင်း၊ မှတ်ပုံတင်ရေး သွင်းသည့် စာအုပ်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဝင်/ထွက်သွားလာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်တမ်းထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး တံတားပေါ် ဖြတ်သန်းသွားလာသူများ အနေဖြင့် နှာခေါင်းစည်းအသုံးမပြုဘဲ ဝင်/ထွက်သွားလာမှုကို ထိရောက်စွာ အသိပညာပေး ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ရေး ရှေ့တန်းနေရာမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များကလည်း မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များအား ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား တိုက်တွန်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေး မှူး များနှင့် စေတနာ့ဝန်ထမ်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာနေသည့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ ဆိုင်ကယ်များပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် ဝင်/ထွက် သွားလာသော ပြည်သူများအား Infrared Thermometer စက်ဖြင့် အပူချိန် တိုင်းတာခြင်း၊ ခရီးသွားအကြောင်းအရာများ ရေးမှတ်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း