အရာတော် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်း နှင့်မဲဆွယ် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဆွေက မဲဆွယ်စည်း ရုံးရေးနှင့် ပတ်သက်သော ညွှန်ကြားချက် စည်းကမ်းချက်များနှင့် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ် များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုင်ငံရေး ပါတီဝင်များအနေဖြင့် ကျေးလက်ဒေသများသို့ စည်းရုံးရေးဆင်းရာတွင် ကျေးရွာတစ်ရွာတည်းတွင် အချိန်တိုက်ဆိုင်နေမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစည်းရုံး ဆောင်ရွက်မည့်နေ့ရက်၊ အချိန်ဇယားများ ရေးဆွဲတင်ပြကာ ညှိနှိုင်းဆောင်ရွက်ရန်နှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ် ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိ သူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်