ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၂၀)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်  စက်တင်ဘာ    ၉

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ  စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က (၁)ဦး နှင့်  ယမန်နေ့ညနေ (၄)နာရီအချိန် က (၁၉)ဦး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၂၀)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၂၀)ဦးမှာ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၀)ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၆)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ(၂)ဉီး နှင့် ရခိုင်ပြည်နယ်မှ(၁)ဉီး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၂၉၉)ဦးနှင့် အမျိုးသမီး(၆၇၀၁)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၀၀၀)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)