ဗန်းမောက် စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်ပင်သာယာ စျေးကြီးမှ မြို့နယ်အားကစားကွင်းအတွင်းသို့ ယာယီပျံကျစျေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ယာယီပျံကျစျေး ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက ညှိနိုင်းဆွေးနွေးပြီး ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း ယာယီပျံကျစျေးအတွင်း စျေးရောင်း၊ စျေးဝယ်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စျေးဝယ်ယူသူများ နှာခေါင်းစည်း (Mask) များ တပ်ဆင်လာခြင်း မရှိသူများအား ဒဏ်ရိုက် အရေးယူစစ်ဆေးမှုများကို နေ့စဉ်ကြပ်မတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒဏ်ရိုက်ဆောင်ရွက်မှုများ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အငယ်တန်း အင်ဂျင်နီယာ (၂) နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယာယီပျံကျစျေးအတွင်း၊ အပြင်များ၌ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ စျေးရောင်း ချသူးများနှင့် စျေးဝယ်လာသူများအား (Mask) တပ်ဆင်ပြီးရောင်းချဝယ်ယူခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများကိုယခုဝယ်အခုတပ် နှာခေါင်းစည်း (Mask) တစ်ခုလျှင် ငွေ ၁၀၀၀ ကျပ် ဒဏ်ရိုက် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်မှုများကို နံနက်စျေးဖွင့်ချိန်တွင် ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)