ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာနှင့် ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာနှင့် ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အမှာစကား ပြောကြားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP) အရ ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၇)ခု၊ ဘိုးဘွားရိပ်သာ (၁၂)ခုနှင့် အမျိုးသမီး ဂေဟာ (၁)ခုတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၁၇၇၁၅၀၀၀)ကျပ်အား ဂေဟာ/ရိပ်သာများမှ တာဝန်ရှိသူများ ကိုယ်စား ပဲခူးမြို့ သပြေကုန်းဘိုးဘွားရိပ်သာ ဂေဟာမှူး ဦးဆန်းဝင်းသက်ထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် ဂေဟာ/ရိပ်သာများမှ တာဝန်ရှိသူများကိုယ်စား ပဲခူးမြို့၊ ပန်းခြံကုန်း ပရဟိတဂေဟာမှ ဂေဟာမှူး ဦးသီဟထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လူငယ်ဖွံ့ဖြိုးရေး ဂေဟာများအဖြစ် ဒိုက်ဦးမြို့တွင် ကန်တော်မင်္ဂလာ၊ ပဲခူးမြို့တွင် ပန်းခြံကုန်း၊ ရွှေကျင်မြို့တွင် မဟာပညာဗိမာန်၊ လက်ပံတန်းမြို့တွင် လက်ပံတန်းလူငယ် ဖွံ့ဖြိုးရေး၊ သာယာဝတီမြို့တွင် မင်းကျောင်းလူငယ်ဖွံ့ဖြိုးရေး၊ ပန်းတောင်းမြို့တွင် ရွှေလူငယ်နှင့် ကြို့ပင်ကောက်မြို့တွင် သင်္ခရိုင်မေတ္တာရိပ်မိဘမဲ့ဟူ၍ (၇)ခုဖွင့်လှစ်ထားရှိပြီး ဘိုးဘွားရိပ်သာများအနေဖြင့် ပဲခူး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဖြူး၊ တောက်ငူ၊ ရေတာရှည်၊ ဇီးကုန်း၊ ပြည်၊ သာယာဝတီ၊ ပေါင်းတည်၊ နတ်တလင်း၊ ရွှေတောင်စသည့်မြို့များတွင် (၁၂)ခု ဖွင့်လှစ်ထားရှိသည်။ အမျိုးသမီးဂေဟာ အနေဖြင့် တောင်ငူမြို့တွင် ဇေယျာသီရိ အမျိုးသမီးဂေဟာ ဟူ၍ (၁)ခု ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)