လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာဘေဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ လမ်းညွှန်မှာကြားရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးလှမြင့်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စာရေးဝန်ထမ်းများအနေဖြင့် တစ်အိမ် တက်ဆင်း မီတာဘေ ဖြန့်ဝေရာတွင် ရောဂါကူးစက် မှုမခံရစေရေး လက်အိတ်စွပ်ကြရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြ ရန်၊ face shield တပ်ဆင် ကြရန်နှင့် lock down ချထားသည့် ရပ်ကွက်နေရာများတွင် ဖြန့်ဝေရမည်ဆိုပါက PPE ဝတ်စုံများကို ဝတ်ဆင်ပြီးမှ ကျန်းမာရေးအသိဖြင့် လိုက်နာဆောင်ရွက်ကြရန် မြို့နယ်လျှပ်စစ်မန်နေဂျာမှ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရ သည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)