ဒေးဒရဲမြို့နယ်၌ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေး

ဒေးဒရဲ  စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းစဉ် များအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပ ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက မဲဆွယ်စည်းရုံးရာ တွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပါတီအသီးသီးက ကိုယ်စားလှယ်များက  စုဝေးဟောပြောခြငး နှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေးဒရဲမြို့အတွင်းရှိ နိုင်ငံရေး ပါတီများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)