ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အထောက်အကူပြု(၃)ဖွဲ့သို့ အလှူငွေပေးအပ်လှူဒါန်း

ပေါင်းတည် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီက အလှူရှင် ပေါင်းတည်မြို့ မင်းကွက်(၁)ရပ်ကွက် ၁၃ လမ်းနေ ဦးဝင်းမြတ်+ဒေါ်သန္တာထွန်း သားမောင်ဟန်ထူး အောင်၊ သမီး မဖြူစင်ဝင်းမြတ် ကြယ်မင်းညိုညို ဆေးလိပ်ခုံနှင့် ပြည့်ဝသောက်ရေသန့် မိသားစုတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အားကစား ခန်းမတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre မှ စေတနာ့ဝန်ထမ်းများအတွက် ကျပ်(၁)သိန်း ရန်ကုန်-ပြည်လမ်းရှိ ကျန်းမာရေးစစ်ဆေးမှုဂိတ်မှ စေတနာ့ဝန်ထမ်းများနှင့် အထောက်အကူပြုအဖွဲ့များအတွက် ကျပ်(၁)သိန်းနှင့် ရွှေတောင်လမ်း လုံခြုံရေးစစ်ဆေးမှုဂိတ်မှ အထောက်အကူပြုအဖွဲ့များအတွက် ကျပ်(၁)သိန်း စုစုပေါင်း ၃ သိန်းကျပ် အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းသည့် အလှူငွေများအား ကျန်းရေးစစ်ဆေးမှုဂိတ်၏ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန့်ဇင်ထွန်း၊ မြို့နယ်အားကစားခန်းမ FQ စင်တာ ကိုယ်စား တာဝန်ခံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းသူနှင့် ရွှေတောင်လမ်းလုံခြုံရေးစစ်ဆေးမှုဂိတ်အဖွဲ့ ကိုယ်စား သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ခေါင်းဆောင် ဦးတင်ဝင်းဇော်တို့မှ အသီးသီး လက်ခံရယူခဲ့ ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)