ရေနံချောင်း စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှပြန်လာသူ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၃ ဦးအား ပထမအကြိမ် အာခေါင်နှင့် နှာခေါင်းတို့ဖတ် Swap နမူနာများရယူခြင်းကို မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာဆန်းထွန်း၊ ဒုတိယဓာတ်ခွဲမှူးဦးသိန်းကျော်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ယမန်နေ့ကပြုလုပ် ခဲ့ပြီး အမျိုးသား ဓာတ်ခွဲစစ်ဆေးရေးဌာန(ရန်ကုန်)သို့ ဆက်လက်ပေးပို့ထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါရေနံမြေလုံခြုံရေးရဲအရာရှိ ၃ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ဦးသည် ရခိုင်ပြည်နယ် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ်တို့တွင် လုံခြုံရေး တာဝန် ထမ်းဆောင်ပြီး စက်တင်ဘာ ၈ ရက်နေ့က ရေနံချောင်းမြို့နယ် အမှတ်(၁)ရေနံမြေလုံခြုံရေရဲတပ်ဖွဲ့သို့ ပြန်လာခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေနံချောင်းတက္ကသိုလ် ရွှေယင်းမာအဆောင်(၁)တွင် အသွားအလာကန့်သတ်စောင့် ကြည့်ကာလ ၁၄ ရက်ထားရှိကာ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး