ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ခြင်းမှ ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တံတား စက်တင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း ဆိုင်ထိုင်စားသောက် ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လတ်တလော ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူ ဖြစ်စေရန် နှင့် လူစုလူဝေး ဖြစ်ပေါ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရန်အတွက် တံတားမြို့ပေါ်ရပ်ကွက်များတွင် ဆိုင်ထိုင် စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့က ညွှန်ကြားထားပြီးဖြစ်ရာ ပါဆယ်စနစ်ဖြင့် အမှန်တကယ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)