ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြန်လည်ရောက်ရှိလာသော ဟိုင်းကြီးကျွန်းဒေသခံ(၁၆)ဦးကို စစ်ဆေးရေဂိတ်မှစစ်ဆေးစဉ်တွေ့ရှိ Quarantine Centre များ၌ထားရှိရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်

ဟိုင်းကြီးကျွန်း  စက်တင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်-ဟိုင်းကြီးကျွန်း ပြေးဆွဲနေသော “ယူနီဗာဆယ်”နှင့် “ကံထူးအောင်” Express ကားများဖြင့် ပြန်လည်ဝင်ရောက်လာသော ဒေသခံ(၁၆)ဦးကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ စစ်ဆေးစဉ်တွေ့ရှိခဲ့ပြီး Quarantine Centre များ၌ထားရှိရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ယူနီဗာဆယ် Express ကားဖြင့် ဟိုင်းကြီးကျွန်းဒေသသို့ ပြန်လည် ဝင်ရောက်လာသူများမှာ ဒဂုံမြို့သစ်ဆိပ်ကမ်း မှပြန်လာသော ဇီးချိုင်ကျေးရွာနေ အမျိုးသမီး(၂)ဦး၊ သင်္ကန်းကျွန်းမြို့နယ်မှပြန်လာသော ကျောက်ချောင်းကျေးရွာနေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ရွှေပြည်သာမြို့နယ်မှပြန်လာသော ခမောက်မော် ကျေးရွာနေ အမျိုးသား(၁)ဦး၊ မရမ်းကုန်းမြို့နယ်မှ ပြန်လာသောအမှတ် (၃)ရပ်ကွက်နေ အမျိုးသား(၁)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ကံထူးအောင် Express ကားဖြင့်ဟိုင်းကြီးကျွန်းဒေသသို့ ပြန်လည်ရောက်ရှိလာသူ များမှာ လှိုင်သာယာမြို့နယ် မှပြန်လာသော အမှတ်(၃)ရပ်ကွက်နေ အမျိုးသား(၁)ဦး၊ ရွှေပြည်သာ မြို့နယ်မှပြန်လာသော အမှတ်(၃)ရပ်ကွက်နေ အမျိုးသမီး (၂)ဦး၊ လှိုင်သာယာမြို့နယ်မှ ပြန်လာသော အမှတ်(၃)ရပ်ကွက်နေ အမျိုးသမီး(၂)ဦး၊ ရွှေပြည်သာမြို့နယ်မှပြန်လာသော ကံချိုင်ကျေးရွာနေ အမျိုးသမီး(၁)ဦး၊ လှိုင်သာယာမြို့နယ်မှပြန်လာသော ကံချိုင်ကျေးရွာနေ အမျိုးသား(၁)ဦး၊ ရွှေပြည်သာ မြို့နယ်မှ ပြန်လာသော ဇီးချိုင်ကျေးရွာနေ အမျိုးသမီး(၁)ဦး၊ ဗိုလ်တစ်ထောင်မြို့နယ်မှပြန်လာသော ကျောက်ချောင်းကျေးရွာနေ အမျိုးသား(၁) ဦး၊ လှိုင်သာယာမြို့နယ်မှ ပြန်လာသော ကံချိုင်ကျေးရွာနေ အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဒေသခံ(၁၆)ဦးအား ပူးပေါင်းစစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများဆောင်ရွက်စဉ် ၎င်းတို့ပြန် လာရာဒေသမှ အုပ်ချုပ်ရေးမှူး များ၏ ခရီးသွားထောက်ခံစာများပါရှိကြောင်း သိရှိရပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ပြန်လည်ရောက်ရှိလာသူ များဖြစ်၍ Quarantine Centre များ၌ ထားရှိရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)