ကျောင်းကုန်း စက်တင်ဘာ ၁၁
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသူများအား နံနက်စာကို ဦးနိုင်လင်း+ ဒေါ်ဌေးဌေးဝင်း (အင်ကြင်းနီ စက်သုံးဆီဆိုင်) မှ လ္ဘက်ရည်နှင့်အီကြာကွေး နေ့စဉ်လှူဒါန်းပြီး နေ့လယ်စာကို ဦးသန်းဆွေ+ဒေါ်ချိုချိုခိုင် (TS စက်သုံးဆီဆိုင်) မှ ထမင်းဘူးများ စက်တင်ဘာလကုန်အထိ နေ့စဉ်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ညနေစာ ကျွေးမွေးမည်ဖြစ်ပြီး မြို့အဝင်စစ်ဆေးရေးဂိတ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသော(၂၈) မြို့နယ်နှင့်ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှလာသူများ Community Base Facility Quarantine သွင်းမည်ဖြစ်ကြောင်းနှင့် မည်သည့်ဒေသမှ လာရောက်ကြောင်း ထောက်ခံစာကို နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)