ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာလ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် အသက်(၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှုကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရပ် ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ဘိုးဘွားများ လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ကြောင်းနှင့် တစ်ဦးလျှင်ကျပ်သုံးသောင်းနှုန်းဖြင့် ဘိုးဘွား(၅၅၆)ဦးအတွက် ကျပ် (၁၆၆၈၀၀၀၀) ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)