ညောင်ဦး၊ စက်တင်ဘာ ၁၂
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် မြေပဲစိုက်ခင်းများ ခြောက်သွေ့စပြုလာကြောင်း ဒေသခံမြေပဲ စိုက်တောင်သူများ ထံမှသိရသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် မိုးဦးမိုးဖြင့် မြေပဲစိုက်နိုင်ခဲ့ကြသော်လည်း မြေပဲပင်များ အောင်မြင်ဖြစ်ထွန်းချိန် မိုးရွာသွန်းမှုနည်းပါးခြင်း၊ မြေပဲပင်များအပွင့်ပွင့်ချိန်အထိ အဆင်ပြေသော် လည်း မြေပဲပင်မှ ဥဥရန်အစွယ်မြေချချိန်တွင် မိုးရွာသွန်းမှုမရှိခြင်းကြောင့် မြေပဲစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ငါ့သရောက်မြို့၊ ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက်က ပြောသည်။
မြေပဲစိုက်ခင်းများ မိုးလိုနေသော်လည်း အပင်ကောင်းချိန် မိုးပြတ်သွားလိုက် ခြောက်သွေ့ခါနီး မိုးပြန်ရွာလိုက်ဖြစ်နေကာ မြေပဲပင်များ သေလုမြောပါးဖြစ်လိုက်၊ မိုးရွာပြန်ရှင်လိုက် အပင်ကောင်းလိုက် အပင်ဖြစ်ထွန်းဖို့ အားယူချိန်မိုးပြတ်နေကာ မြေပဲခင်းများ ခြောက်သွေ့လာကြောင်း သိရသည်။
မိုးရွာသွန်းမှုများလာခဲ့ရင်တောင် ဥဥနှုန်းလျော့ကြနိုင်ခြင်းကြောင့် ညောင်ဦးမြို့နယ် မြေပဲစိုက် တောင် သူများ၊ ငါ့သရောက်မြို့ မြေပဲစိုက်တောင်သူများ ဥဥနှုန်းလျော့ကျနိုင်ကြောင်း၊ မိုးရွာသွန်းမှု အင်မတန်နည်းခြင်းကြောင့် မြေပဲပင်များ ရွက်လိပ်ပိုးကျကာ ခြောက်သွေ့စပြုလာကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်မှ ပြောကြားသည်။
ကိုထိန်၊KPD