ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ဈေးနှုန်းမကောင်းသောကြောင့် တွက်ခြေမကိုက်ဖြစ်နေ

ညောင်ဦး၊ စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင် သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင်ထံမှ သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများသည် မြေအောက်ရေဖြင့်စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့်ပြောင်းဖူးများကို အနီးအနားမြို့များသို့သာ ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့်ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေကြောင်း သိရသည်။

‘‘ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံစိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကို တွင်း တူးပြီး ရေထုတ်ယူကာ ရေသွင်းစိုက်ပျိုးကြောင်း၊ ကိုယ်ပိုင်ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန် လုပ်ကိုင်၍ရကြောင်း ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့်စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းမရရှိခြင်းကြောင့် တွက်ခြေမကိုက်ဖြစ်ရကြောင်း ပြောင်းဖူးစိုက်တောင်သူများမှ ပြောကြားသည်။

ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလတွင် ပြောင်းဖူးစိုက်ပျိုးတောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ ကျပ်သာ ရောင်းချရခြင်းကြောင့် တွက်ခြေမကိုက်ဖြစ်နေကြကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

ဝင်းထိန် (ညောင်ဦးခရိုင်ပြန်/ဆက်)