တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိူဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တနိုင်းတံတားချည်းကပ်လမ်း လီဒိုလမ်းမကြီးနှင့် ပုန်ခုန်းရပ်ကွက်ရှိလမ်းမများပေါ်၌ မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။