ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မြေနိမ့်ကျွံဝင်သွားရာမှ လူနေအိမ်တစ်လုံးပြိုကျ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စေတနာလမ်းရှိ လူနေအိမ်တစ်လုံးသည် ယမန်နေ့ နံနက် ၃ နာရီခန့်က မြေနိမ့်ဆင်းကျွံဝင်သွားပြီး ပြိုကျပျက်စီးသွားခဲ့သည်။

ရွာငံမြို့နယ်တွင် (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုတ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ရွာငံ မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီ အချိန်ခန့်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်း အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိူဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တနိုင်းတံတားချည်းကပ်လမ်း လီဒိုလမ်းမကြီးနှင့် ပုန်ခုန်းရပ်ကွက်ရှိလမ်းမများပေါ်၌ မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး ဦးဆောင်၍ ကော်မတီဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့နှင့် တောင်ပိုင်းရပ်ကွက် အ.ထ.က(မယ်စဲ့)ကျောင်းရှေ့ တို့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ၅၄ သစ်စက်ဝင်းဟောင်းအတွင်းရှိ ၄ ခန်းတွဲဝန်ထမ်းလိုင်းခန်း မီးလောင်မှု ဖြစ်ပွား

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက် ၂၀၃၊ ၂၆ လမ်းနှင့် ၉၁ လမ်း၊ ချမ်းသာကြီးဘုရားမြောက်ဘက်၊ ပွဲကုန်းရပ်တွင် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ၅၄ သစ်စက်ဝင်း ဟောင်းအတွင်းရှိ ၄ ခန်းတွဲ ဝန်ထမ်းလိုင်းခန်းတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် (၅၆)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ ယနေ့နံနက် ၈ နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရပ်စောက်မြို့၌ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်ကားဂိတ်များ၊ ယာယီဈေးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် စည်းကမ်းချက်များနှင့်အညီရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်အတွင်းရှိလ္ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကားဂိတ်များနှင့် အားကစားကွင်းအတွင်း ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည် များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးထိန်းချူပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ မိုးစပါးသီးနှံများတွင် ဖြုတ်ပိုးများ ကျရောက်ပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိုးစပါးခင်းများတွင် ဖြုတ်ပိုးများ ကျရောက်မှု အနည်းငယ်ရှိသောကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကာကွယ်နှိမ်နင်းမှုများ၊ ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မုရောစေတီတော်၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ငါးသိုင်းချောင်း-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများရပ်နား

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်း-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသည့် ဂျိုကာ ခရီးသည်တင်ယာဉ်ဂိတ်နှင့် ရွှေဝါဖူးခရီးသည်တင် ယာဉ်ဂိတ်တို့မှ ခရီးသည်တင်ယာဉ် စုစုပေါင်း(၁၀)စီး နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိရာ လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု အခြေအနေများ အရ ယမန်နေ့မှ စတင်၍ အဆိုပါခရီးသည်တင် ယာဉ်လိုင်းများ ရပ်နားထားရကြောင်း သိရသည်။
Subscribe to