ဆဒုံး၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ည (၆) နာရီ က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာတိုင်းနှာခေါင်းစည်း (mask) တပ်ဆင်ပြီး ထွက်ခွာကြရန်၊ အပြင်မှပြန်လာတိုင်း ဆပ်ပြာဖြင့်မကြာခဏလက်ဆေးရန်၊ လူစုလူဝေးမဖြစ်ပေါ်စေဘဲ သွား လာနေထိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ဒေသမှပြန်လာသူများရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းစသည့် ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် အသံချဲ့စက်ဖြင့် လီဆူဘာသာစကား၊ ဂျိမ်းဖေါ့ဘာသာစကား၊ မြန်မာစကားတို့ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)