(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လှိုင်းဘွဲ  စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့  နံနက်ပိုင်းက ကျိုက်မုရောစေတီတော်၌ ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်မှူးရဲမှူး ဆန်းဦး၊ မြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုး ဦးစီး၍ ရဲတပ်ဖွဲ့ဝင်( ၃၀)ဦးတို့က အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျိုက်မုရောစေတီတော် ပရဝုဏ် တံမြက်စည်းလှည်းခြင်းနှင့် အနီးပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ခြုံနွယ်များအား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)