မွန်ပြည်နယ် လမိုင်းမြို့ အ.ထ.က ကျောင်းကို Quarantine Centre အဖြစ်ထားရှိရန်ပြင်ဆင်

မွန်ပြည်နယ် လမိုင်းမြို့ အ.ထ.က ကျောင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြန်ရောက်လာသူများအား Quarantine Centre ဝင်ရောက်နိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီမှ စတင်ကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

လားရှိုးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လားရှိုးမြို့ မြို့တော်ခန်းမ၌ လားရှိုးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွားများအား (၃)လတစ်ကြိမ်ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ၊ မြို့မရပ်ကွက်ရှိ အောင်သပြေလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှူန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့ ၊ မြို့မရပ်ကွက်ရှိ အောင်သပြေလမ်းကို ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သြဂုတ်လ(၂၉) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာခိုင်နှူန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အဓိကလမ်းမကြီးများ၌ မဖြစ်မနေ နေအိမ်ပြင်ပထွက်လာသည့်ပြည်သူများ အနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်သွားလာခြင်း ရှိမရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး Mask များကို အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

လမိုင်းမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အတွင်းရှိ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

လပွတ္တာ၌ မီးသတ်တပ်ဖွဲ့မှ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် နေထိုင်သူမိဘ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရေး ပြည်သူများအသိရှိရှိဖြင့် ဝိုင်းဝန်း ပူးပေါင်းပါဝင်နိုင်းရေးအတွက် ဒုတိယဦးစီးမှူး ဦးကျော်မင်းအောင်ဦး ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ချက်များကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်လိုင်းပေါင်းလုံစစ်ဆေးရေးဂိတ်သို့ စက်တင်ဘာ ၁၁ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မြေနိမ့်ကျွံဝင်သွားရာမှ လူနေအိမ်တစ်လုံးပြိုကျ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စေတနာလမ်းရှိ လူနေအိမ်တစ်လုံးသည် ယမန်နေ့ နံနက် ၃ နာရီခန့်က မြေနိမ့်ဆင်းကျွံဝင်သွားပြီး ပြိုကျပျက်စီးသွားခဲ့သည်။

ရွာငံမြို့နယ်တွင် (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုတ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ရွာငံ မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီ အချိန်ခန့်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်း အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to