နတ်မောက်မြို့နယ် စည်ပင်သာယာရေး မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်းသို့ လာရောက်သည့် ဈေးရောင်း/ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။