ဖယ်ခုံမြို့နယ်တွင် (၅၆)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဖယ်ခုံ   စက်တင်ဘာ 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ()ရက်နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ ယနေ့နံနက် နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်ရေး ဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့၀င်များက ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံ၀န်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် သစ်ကိုင်းများ၊ မြက်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒီနေ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ ရဲတပ်ဖွဲ့၀င်တွေ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်တာပါ။ အရင်နှစ်တွေကလဲ ခုလိုပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းအနေနဲ့ ဆေးရုံမှာ စုပေါင်း သန့်ရှင်းရေးတွေ ဆောင်ရွက်ခဲ့ပါတယ်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်က ပြောကြားသည်။

(၅၆)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်ရေးဆောင်ရွက်ရာတွင် ဖယ်ခုံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇောအောင်တို့မှ ဦးစီး၍ ရဲတပ်ဖွဲ့၀င် များက ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံ၀န်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကိုထွေး(ဖယ်ခုံ)