တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

တနိုင်း စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ(၁၁)ရက်နေ့ နံနက်() နာရီအချိန်က တနိုင်းတံတားချည်းကပ်လမ်း လီဒိုလမ်းမကြီးနှင့် ပုန်ခုန်းရပ်ကွက်ရှိလမ်းမများပေါ်၌ မြို့နယ် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုပြန့်ပွားမှု မရှိစေရန် ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်း ချက်များ၊ လမ်းညွှန်ချက်များအား မြို့နယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရန် အတွက် ဖြတ်သန်းသွားလာသည့် ပြည်သူများသိရှိလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်အရန်မီးသတ်တပ်ဖွဲ့ဝင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်ကာ အဆိုပါ ဖြတ်သန်းသွားလာ သူများအား Mask အခု(၅၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)