ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ငါးသိုင်းချောင်း-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများရပ်နား

ငါးသိုင်းချောင်း စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်း-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသည့် ဂျိုကာ ခရီးသည်တင်ယာဉ်ဂိတ်နှင့် ရွှေဝါဖူးခရီးသည်တင်ယာဉ်ဂိတ်တို့မှ ခရီးသည်တင်ယာဉ် စုစုပေါင်း(၁၀)စီး နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိရာ လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ အရ ယမန်နေ့မှ စတင်၍ အဆိုပါခရီးသည်တင် ယာဉ်လိုင်းများ ရပ်နားထားရကြောင်း သိရသည်။

လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် တိုင်း‌ဒေသကြီး အတွင်း လိုအပ်‌သော စစ်‌ဆေးဆောင်ရွက်မှုများကို‌ ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလာမှုများကိုလည်း ကန့်သတ် စစ်‌ဆေးဆောင်ရွက်လျက်ရှိရာ ရေဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ငါးသိုင်းချောင်း-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများကို ယ‌မန်နေ့မှ စတင်၍ ရပ်နားခဲ့ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့သို့ ခရီးဆက်သွယ် သွားလာမှုများမှာလည်း နည်းပါးလျက်ရှိပြီး တိုင်းဒေသကြီး အတွင်း ခရီးဆက်သွယ်သွားလာမှုများအတွက် ငါးသိုင်းချောင်း-ပုသိမ်၊ ငါးသိုင်းချောင်း-ဟင်္သာတ ခရီးသည်တင် ယာဉ်လိုင်းများကို ခရီးသွားထောက်ခံချက်များနှင့် လိုအပ်သော အထောက်အထား အချက်အလက်များ စစ်ဆေးပြီး အချက်အလက်ပြည့်စုံမှသာ ခရီးစဉ်လက်မှတ် ရောင်းချပေး လျက်ရှိကြောင်း၊ ကုန်တင်ယာဉ်များ ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ထား‌သော ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝင်ထွက်၊ သွားလာ၊ သယ်ယူပို့ဆောင်နိုင်ရေး အဖွဲ့အစည်းအသီးသီးမှ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း ခရီးသည်တင်ယာဉ်လိုင်းဂိတ်များနှင့် မြို့ မ-စ-က ကော်မတီထံမှ သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)