ရပ်စောက်မြို့၌ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်ကားဂိတ်များ၊ ယာယီဈေးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် စည်းကမ်းချက်များနှင့်အညီရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ရပ်စောက်      စက်တင်ဘာ    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်အတွင်းရှိလ္ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကားဂိတ်များနှင့် အားကစားကွင်းအတွင်း ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချူပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများမှ မန်နေ့ နံနက်() နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချူပ်ရေးမှူးဦးသိန်းဇော်ဝင်းနှင့် မြို့နယ် စည်ပင်သာယာရေး ဌာနအမှုဆောင်အရာရှိ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍ ဈေးသည်များအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီစနစ်တကျရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ နှာခေါင်း စည်းများကိုတပ်ဆင်ကြရန်၊ သတ်မှတ်ထားသောအကွာဝေးမှ ဈေးရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ကြရန် ရှင်းလင်းပြောကြားပြီး နှာခေါင်းစည်း တပ်ဆင်မထားသော ပြည်သူများအား နှာခေါင်းစည်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)