တွန်းဇံ စက်တင်ဘာ ၁၃
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၉)နာရီ အချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကြီး အက်ကြောင်းများ ဖြစ်ပေါ်လာပြီး မြေကြီးကျွံကျလာခြင်းကြောင့် နေအိမ်တစ်လုံးအား ဖြိုဖျက်ခြင်းနှင့် ရွေ့ပြောင်းခြင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်၊
ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မိုးနှစ်ရက်ဆက်တိုက် ရွာသွန်းမှု ကြောင့် မြေကြီးအက်ကွဲမှုဖြစ်ပေါ်လာပြီး ဦးထန်ခန့်ဟောက် နေအိမ်ကျွံကျမှု ဖြစ်ပေါ်လာခဲ့သည်။
၎င်းနေအိမ်သည် လူများဆက်လက်နေထိုင်ရန် အန္တရာယ်ရှိလာသည့်အတွက် မိသားစုဝင်များအား နေအိမ်ရွှေ့ပြောင်းခြင်း နှင့် နေအိမ်အား ဖြိုဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ နေအိမ်ရွှေ့ပြောင်းခြင်းနှင့် နေအိမ်အား ဖြိုဖျက်ခြင်း လုပ်ငန်းများကို တွန်းဇံမြို့ရှိ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့သည်။
ယင်းနေအိမ်တွင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်းမိသားစုဝင်(၈)ဦး နေထိုင်လျက်ရှိပြီး မိသားစုဝင်များကို နီးစပ်ရာ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)