ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကာ လူတစ်ဦးသေဆုံးခြင်းအတွက် ထောက်ပံ့ငွေများပေးအပ်

ဟားခါး   စက်တင်ဘာ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင်   စက်တင်ဘာ ၁၁ ရက်နေ့  ည  ၉ နာရီအချိန်ခန့်က  အိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ငှား ဦးဟွပ်သူး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး ၊ ဟားခါးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့်အတူ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ၄င်းကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ အိမ်ငှား ဦးဟွပ်သူး သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များ အတွက် ထောက်ပံ့ငွေကျပ်(၃)သိန်း၊ အိမ်ရှင် ဦးလျန်ဟရမ်အား ထောက်ပံ့ငွေကျပ်(၃)သိန်း ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျန်ရစ်သူ မိသားစုဝင်များအတွက်ထောက်ပံ့ ငွေကျပ် (၃)သိန်း၊ နေအိမ်မီးလောင်ဆုံးရှုံးသည့်အိမ်ရှင်အား ထောက်ပံ့ ငွေကျပ် (၂)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)