အောင်လံမြို့နယ်တွင် မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက် ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး

အောင်လံ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သည့်အနေဖြင့် ရန်ကုန်−ပြည်− မကွေးကားလမ်းပေါ်ရှိ မြို့နယ်စီမံကိန်းရုံးအနီးနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စု တိုးဂိတ်တို့၌ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ စစ်ဆေးဆောင်ရွက် မှုများပြုလုပ်ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္က နှင့် အဖွဲ့ဝင်များ၊ ကုန်သည်ကြီးများအသင်းဥက္က နှင့် တာဝန်ရှိများက အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်း တစ်ခုအဖြစ် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်/အထွက် စာရင်း ပြုစုမှတ်သားခြင်း၊ မြို့တွင်းဖြတ်သန်း သွားလာသောယာဉ်များကို အမှန်တကယ် ဖြတ်သန်း သွားလာခြင်းရှိ/မရှိကို စစ်ဆေးရေး ဂိတ်တစ်ခုနှင့် တစ်ခုချိတ်ဆက်၍စိစစ်ဆောင်ရွက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်လာသူများအား ခရီသွားလာခွင့်အ ထောက်အထားများစိစစ်၍ Stay at Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက် ရန် စသည့်အချက်များကို စနစ်တကျစိစစ်စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ပြောကြား၍ Quarantine ထားရှိသည့် အ.ထ.က(၁) ကျောင်း Volunteer များကိုအားပေးစကားများပြောကြား၍ မြို့အဝင်/အထွက်ဂိတ်များ စနစ်တကျ ဆောင်ရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)