သဲကုန်း စက်တင်ဘာ ၁၃
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင်(၂)မိုင် အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင် အတွင်းရှိ ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိ ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရှိရသည်။
သဲကုန်းမြို့နယ်တွင်(၂)မိုင်အတွင်း မီးလင်းမည့်ကျေးရွာ(၁၂၆)ရွာရှိပြီး ရဲ့ရဲ့ကန်ကျေးရွာ၊ ဇလဲ့ကျေးရွာ၊ မူယာတော ကျေးရွာ၊ သဲဆည် ကျေးရွာ၊ ကြူတောကျေးရွာများတွင် မီးလင်းပေးနိုင်ခဲ့ပြီး မီးလင်းရန် ကျန်ရှိနေသော ကျေးရွာ(၁၂၁)ရွာ အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)