မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် နမ့်မန်းစစ်ဆေးရေးဂိတ်အတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

မယ်စဲ့ စက်တင်ဘာ ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက်လျှက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက နမ့်မန်း စစ်ဆေးရေးဂိတ်သို့ ဆိုလာပြားနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ့်မန်းစစ်ဆေးရေးဂိတ်အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ပေးပို့ လှူဒါန်းသည့် ဆိုလားပြားနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ကျဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)