စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်ရှိ မသန်စွမ်းဦးရေ(၈၁၇)ဦးအား တစ်ဦးလျှင်(၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့

အရာတော်  စက်တင်ဘာ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ မသန်စွမ်းဦးရေ (၈၁၇)အား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက်‌ လိုက်လံထောက်ပံ့ခြင်းကို ယမန်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့‌ငွေ‌ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများပူးပေါင်းကာ ရပ်ကွက်/ ကျေးရွာ အုပ်စု(၄၂)အုပ်စုရှိ မသန်စွမ်းသူများအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်‌တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မသန်စွမ်းဦးရေ(၈၁၇)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၄၅၁၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရ(ပြန်/ဆက်)