ကာမိုင်း စက်တင်ဘာ ၁၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နှာခေါင်း စည်း (Mask)များ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ(၄)နာရီတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ(၉)ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာတစ်ဦး တွေ့ရှိ သောကြောင့် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိဘဲ ဖြတ်သန်း သွားလာနေကြသူများအား နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းနှင့် စျေးဆိုင်များ ရောင်းချရာတွင် စျေးဝယ်သူများ အနေဖြင့် ဆိုင်ထဲသို့ မဝင်ရောက်စေဘဲ သတ်မှတ်ထားသည့် နေရာများ၌သာ စျေးရောင်းစျေးဝယ်ကြရန် စသည်တို့ကို အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)